ukraine
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယူကရိန်းမှာ အပစ်ရပ်မယ့် ရက်နီးပေမယ့် တိုက်ခိုက်နေဆဲ

  • 13 ဖေဖော်ဝါရီ 2015

ယူကရိန်း အရှေ့ပိုင်းမှာ မနက်ဖန် စနေနေ့က စလို့ အပစ်ရပ်ဖို့ သဘောတူညီချက် ရခဲ့ပြီးဖြစ်ပါတယ်။ အဲဒီထဲမှာ တပ်တွေ ပြန်ရုပ်ဖို့၊ စစ်သုံ့ပန်းတွေ လဲလှယ်ဖို့နဲ့ ကြားခံ ဇုန်တခု ထားရှိဖို့တွေပါ ပါပါတယ်။ ဒါပေမယ့် ဒေါညက်စ်ခ်မြို့က ရုရှားယိမ်းသူပုန်တချို့ကတော့ ဆက်ပြီးတိုက်နေ ခိုက်နေကြဦးမှာ ဖြစ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။ တဘက်မှာလည်း ဥရောပ ခေါင်းဆောင်တွေက ဒီသဘောတူညီချက် တွေကို လိုက်နာခြင်းမရှိခဲ့ရင် ရုရှားအပေါ်မှာ ပိတ်ဆို့မှုတွေ ထပ်ပြီးတိုးမယ်လို့ သတိပေးထားပါတယ်။ အကြောင်းစုံကို မမေစန္ဒီက ပြောပြမှာပါ။