korea
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တောင်ကိုရီးယားက လုပ်ငန်းကြီးတွေကို မေးခွန်းတွေထုတ်လာ

  • 16 ဖေဖော်ဝါရီ 2015

ကမ္ဘာကျော် ဆမ်ဆောင်းအပါအဝင် မိသားစုပိုင် တောင်ကိုရီးယား စီးပွားရေး အင်ယာပါကြီးတွေကို ကိုရီးယားနိုင်ငံမှာ ချဲဘိုလ်လို့ လူသိများကြပါတယ်။

တောင်ကိုရီးယား စီးပွားရေးကို မျိုးဆက် တစ်ဆက်အတွင်းမှာ ထိပ်တန်းရောက်အောင် ဆွဲတင်ခဲ့ရာမှာ ချဲဘိုလ်တွေက အဓိက နေရာမှာ ရှိကြပါတယ်။

ဒါပေမယ့် ကိုရီးယား လေကြောင်းလိုင်းရဲ့ ပိုင်ရှင်က သစ်သီးဆံကိစ္စကြောင့် လေယာဉ်ကို ပြန်လှည့်ခိုင်းတဲ့ ကိစ္စ အပြီးမှာ ကိုရီးယားတွေဟာ ချဲဘိုလ်တွေရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ဝေဖန်လာကြပါတယ်။ ဦးကိုကိုအောင်က တင်ဆက်ပေးမှာပါ။