KILLER WHALE
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဝေလငါးကြီးတွေကို လှောင်ထား သင့်မသင့်

  • 23 ဖေဖော်ဝါရီ 2015

Killer Whales လို့ လူသိများကြတဲ့ ဖြူ နက်ကြား ဝေလငါးကြီးတွေဟာ လေ့ကျင့်သင်ပြပေးရင် လွယ်လွယ်ကူကူနဲ့ တတ်မြောက်ကြပါတယ်။

ဒါကြောင့်လည်း အမေရိကန်ပြည်ထောင်စုက American Sea World လို အပန်းဖြေဥယျာဉ်တွေမှာ ပရိတ်သတ်တွေ ကိုဖျော်ဖြေခဲ့ကြတာ နှစ်ပေါင်း မနည်းရှိပါပြီ။

ဒါပေမယ့် ၂၀၁၃ ခုနှစ်က 'Blackfish'ဆိုတဲ့ မှတ်တမ်းရုပ်ရှင် ထွက်လာအပြီးမှာတော့ ဒီဝေလငါးကြီးတွေကို ပိတ်လှောင်ထားတာဟာ ရက်စက်လွန်းရာရောက်သလား ဆိုပြီး မေးခွန်းတွေ ထွက်လာနေပါပြီ။

အကြောင်းစုံကို ကို ရင်မောင် က ပြောပြပါလိမ့်မယ်။