thiri_investment
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စီးပွားရေးသုံးသပ်ချက် ..ရင်းနှီးမြှုပ်နှံမှု

  • 25 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် bbc burmese

လန်ဒန်မှာ The Myanmar Investment Summit မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတခု ကိုပြုလုပ်ခဲ့ပါတယ်။

မြန်မာအစိုးရပိုင်း နဲ့ ဗြိတိန် အစိုးရ ပိုင်း က ပုဂ္ဂိုလ်တွေ၊ မြန်မာလုပ်ငန်းရှင်တွေ ၊ မြန်မာပြည်မှာ ဝင်ရောက်လုပ်ကိုင်နေပြီ ဖြစ်တဲ့ နိုင်ငံတကာ က လုပ်ငန်းရှင်တွေ

စတဲ့ သူတွေ က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ဖို့ အခြေအနေကောင်းတွေ ရှိနေကြတဲ့အကြောင်း

ဒီ ယူကေ နဲ့ ဥရောပ က စီးပွားရေး လုပ်ငန်းရှင်တွေ ကို စည်းရုံးဆွဲဆောင် ဟောပြောကြတဲ့ပွဲပါ။

မြန်မာပြည်မှာ နိုင်ငံတကာ က ကုမ္ပဏီတွေ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ဖြစ်နေပါပြီလား၊

ကိုရင်မောင်က ဒီ Summit မှာ တက်ရောက်လာပြီး အဓိက ပါဝင် ဆွေးနွေးတင်ပြသူတယောက်လည်းဖြစ်၊ SPA; Surge Pun and Associate က Executive Board Member လည်းဖြစ်တဲ့ ဒေါ်သီရိ သန့်မွန် နဲ့ ဆွေးနွေးမေးမြန်းပြီး ဒီတပတ် စီးပွားရေး သုံးသပ်ချက်မှာ စီစဉ် တင်ဆက်ထားပါတယ်။