လက်ပံတန်းရှိ သပိတ်စခန်း ဖြိုခွဲခံရစဉ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

  • 13 မတ် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption လက်ပံတန်းရှိ သပိတ်စခန်း ဖြိုခွဲခံရစဉ်

မြန်မာနိုင်ငံမှာ ပညာရေး ဥပဒေပြုပြင် ပြောင်းလဲရေးအတွက် ဆန္ဒပြ တောင်းဆိုနေကြတဲ့ ကျောင်းသား သပိတ်ပင်မ စစ်ကြောင်းကို အင်အားသုံး ဖြိုခွင်း လိုက်တဲ့အတွက် ပြည်တွင်း ပြည်ပမှ ဝေဖန် ပစ်တင်မှုတွေ ထွက်ပေါ်နေပါတယ်။ အခုလိုတဖက်နဲ့တဖက် ယုံကြည်မှု ပျက်ပြားလာရင် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကိုရော ဘယ်လောက် ထိခိုက် လာနိုင်သလဲ။ ဒီပြဿနာအတွက် ဘယ်သူ့မှာ အဓိက တာဝန်ရှိသလဲ။ ဗကသ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဌ ကိုကျော်ကိုကို အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ နဲ့ မြန်မာအရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိန်းတို့ ပါဝင်ဆွေးနွေး ထားပါတယ်။