us ferguson
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဖာဂတ်ဆင် မှာ ရဲ ၂ ဦးအပစ်ခံရ

  • 12 မတ် 2015

အမေရိကန်ပြည်ထောင်စုဖာဂတ်ဆင်မြို့ရဲစခန်းအပြင်ဘက်မှာ ဖြစ်ခဲ့တဲ့ဆန္ဒပြပွဲတွေအတွင်းရဲနှစ်ဦး သေနတ်ပစ် ခံခဲ့ရပါတယ်။ အဲဒီက ရဲတပ်ဖွဲ့အတွင်း အသားအရောင်ခွဲခြားတဲ့ ကိစ္စတွေ ရှိနေတဲ့ အကြောင်းအစီရင်ခံစာတွေထွက်လာတဲ့ နောက် ရဲတပ်ဖွဲ့အကြီးအကဲ နုတ်ထွက် သွားခဲ့တဲ့နောက်ရဲစခန်းအပြင်ဘက်မှာ လာပြီးဆန္ဒပြခဲ့ကြတာပါ။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက အဲဒီမြို့မှာလက်နက်မဲ့လူမည်း ဆယ်ကျော်သက်ကို လူဖြူရဲက ပစ်သတ်ခဲ့တဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။ အကြောင်းစုံကို ဦးကိုကိုအောင်က ပြောပြမှာပါ။