Phone Maw
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မတ်လ ၁၃၊ ၁၉၈၈ နေ့က ဘာတွေဖြစ်ခဲ့သလဲ

Image caption ကျောင်းသားတွေ သေနတ်နဲ့ အပစ်ခံရတဲ့ အဖြစ်ကစလို့ လူထုအုံကြွမှုဆက်ဖြစ်လာခဲ့။

၁၉၈၈ ခု မတ်လ၁၃ ရက်နေ့မှာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ရပါတယ်။

ဒီနေ့ကို ဒီမိုကရေစီရေးလှုပ်ရှားသူတွေက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

အဲဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံကို အခုလက်ရှိ ပြောင်းလဲစ အခြေအနေတစ်ရပ်အထိ ရောက်ရှိအောင် အစပြုတွန်းပို့ခဲ့တဲ့ ဖြစ်ရပ်တစ်ခုလို့ ပြောရင် ပြောနိုင်ပါတယ်။

ကိုဖုန်းမော်နဲ့ အတူ သေနတ်နဲ့ အပစ်ခံခဲ့ရပြီး ဒဏ်ရာရခဲ့တဲ့ အဲဒီအချိန်က နောက်ဆုံးနှစ် စက်မှုအင်ဂျင်နီယာ ကျောင်းသား ကိုမြင့်ဦး ကို ဦးဘမော်က တွေ့ဆုံ မေးမြန်း တင်ဆက်ထားပါတယ်။