air asia
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အဲအေးရှားလေယာဉ် ရှာဖွေမှုတွေကို အင်ဒိုနီးရှား အဆုံးသတ်

  • 18 မတ် 2015

အင်ဒိုနီးရှားက ပြီးခဲ့တဲ့ဒီဇင်ဘာလက ဂျာဗား ပင်လယ်ထဲကို ပျက်ကျသွားခဲ့တဲ့ အဲအေးရှားလေကြောင်းလိုင်းက ခရီးသည်တင် လေယာဉ်ရှာဖွေမှုတွေကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

အဲဒီလေယာဉ်ပျက်ကျခဲ့တုန်းက လေယာဉ်ပေါ်ပါသူ ၁၆၂ ဦးစလုံးသေဆုံးခဲ့ကြရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက လေယာဉ်အစိတ်အပိုင်းတချို့နဲ့ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာတွေကို ပြန်ရခဲ့ပေမယ့် ခုထက်ထိ လူပေါင်း ၅၀ ကျော်ရဲ့ ရုပ်အလောင်းတွေ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

အဲဒီလေယာဉ်ဟာ ရာသီဥတုဆိုးတာနဲ့ကြုံခဲ့လိမ့်မယ်လို့ထင်ရပေမယ့် ခုထက်ထိ ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။

ဦးကိုကိုအောင်က ပြောပြမှာပါ။