သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကူးလ်တက် - အက်ပဲလ် နဲ့ ဆိုလာ

ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာ့ တပတ် ပျံသန်းမယ့် ဒီလေယာဉ် ဟာ မန္တလေး မှာ တထောက် ရပ်နားမယ်

အက်ပဲလ်ရဲ့ ထုတ်ကုန်သစ် တွေနဲ့ အတူ အရှိန် အဟုန်နဲ့ တိုးတက်လာ နေတဲ့ နည်းပညာ အတွက် မရှိ မဖြစ် လိုအပ်တဲ့ စွမ်းအင် နည်းပညာ တိုးတက် ပြောင်းလဲမှု အကြောင်း တင်ဆက်ထားပါတယ်။

Solar Impulse-2 နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ကို ဆွစ် လေယာဉ်မှူး ၂ ယောက်က အလှည့်ကျ တာဝန်ယူ မောင်းနှင် ပျံသန်းလို့ ယူအေအီး နိုင်ငံ၊ အဘူဒါဘီ မြို့ကနေ မတ်လ ၉ ရက်နေ့က စတင် ထွက်ခွာခဲ့ ပါပြီ။ ကမ္ဘာ့ တပတ် ပျံသန်းမယ့် ဒီလေယာဉ်ဟာ မြန်မာ နိုင်ငံ မန္တလေး မှာလည်း တထောက် ရပ်နားမှာ ဖြစ်ပါတယ်။

ဒီတော့ လေယာဉ်ပျံ လောင်စာ ဘယ်လို ပြောင်းလဲ အသုံး ပြုလာတယ် ဆိုတဲ့ အကြောင်း တင်ဆက်ပေးထားသလို၊ အက်ပဲလ်ရဲ့ နောက်ဆုံးထုတ် အပေါ့စား လက်ဆွဲ ကွန်ပျူတာနဲ့ ရွှေနဲ့လုပ်ထားတဲ့ စမာ့တ် လက်ပတ်နာရီ အကြောင်း ကြားကြ ရမှာလည်း ဖြစ်ပါတယ်။