solar_eclipse
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နှစ် ၃၀၀ အတွင်း ပထမဆုံး နွေဦးရာသီ နေကြတ်ခြင်း

ဥရောပ၊ အာရှတစိတ်တပိုင်းနဲ့အာဖရိကတိုက် နေရာတချို့မှာ ဒီနေ့ နေကြတ်တာကိုမြင်ခဲ့ရပါတယ်။ ဒိန်းမတ်က ဖာရိုးကျွန်းစုတွေနဲ့နော်ဝေးက စဗားလ်ဘတ်တို့မှာ ကတော့ လုံးဝ အပြည့်ကြတ် သွားတာကိုမြင်ခဲ့ရတာပါ။ ဒါဟာ နှစ်ပေါင်း ၃၀၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် နွေဦးရာသီအစပိုင်းမှာနေကြတ်တာကို တွေ့မြင်ရခြင်းလည်းဖြစ်ပါတယ်။ ဘာတွေမြင်ခဲ့ရသလဲ ဆိုတာ ကိုမင်းထက်က ပြောပြမှာပါ။