lee_kuan_yew
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လီကွမ်ယုရဲ့ ဘ၀ ဇာတ်ကြောင်း

  • 23 မတ် 2015

အဆုတ်အအေးမိတဲ့ ရောဂါနဲ့ အသက် ၉၁ နှစ် အရွယ်မှာ မနေ့ညက ကွယ်လွန်သွားတဲ့စင်္ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုကိုကမ္ဘာတလွှားက ခေါင်းဆောင်တွေက ဂုဏ်ပြုစကားတွေ ပြောကြားနေကြပါတယ်။

အာရှတိုက်ရဲ့ အထင်ကရ နိုင်ငံရေးသမားကြီးတွေထဲက တဦးဖြစ်တဲ့မစ္စတာ လီကွမ်ယု ဟာ ၁၉၆၅ ခုနှစ်မှလွတ်လပ်ရေး ရလာတဲ့ မြို့ပြ နိုင်ငံစင်္ကာပူကို ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတခု ဖြစ်လာအောင် ခေါင်းဆောင်ခဲ့ပါတယ်။

ဒါပေမယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ တဘက်မှာ သူ့ကို ဝေဖန်သူတွေကို မစစ်ဆေးဘဲ ထောင်ချ ပစ်တာတွေနဲ့ မီဒီယာ ထိန်းချုပ်မှုတွေ ထားရှိခဲ့တာမျိုးလဲ ရှိပါတယ်။ ဒါပေမယ့်လည်း သူ့ကိုကမ္ဘာ့ခေါင်းဆောင်တွေက ဝိုင်းပြီး ဂုဏ်ပြုနေကြပါပြီ။

အမေရိကန် သမ္မတအိုဘားမားက သူ့ကို သမိုင်းမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတဦးဖြစ်တယ်လို့ ပြောခဲ့သလို တရုတ်သမ္မတရှီကျင်ပင်းကလည်း နိုင်ငံရေးဗျူဟာ ရှင်ကြီးတဦးအဖြစ်အားလုံးက လေးစားတဲ့လူတဦးအဖြစ်ပြောခဲ့ပါတယ်။

သူ့ရဲ့ သားဖြစ်သူ လက်ရှိစင်္ကာပူဝန်ကြီးချုပ်လီရှန်လျူန်းကတော့ လူတော်တော်များများအတွက် လီကွမ်ယူးဟာ စင်္ကာပူပါပဲလို့ ပြောပါတယ်။

စင်္ကာပူမှာ ဝမ်းနည်းကြေကွဲချင်း ကာလ တပတ် ကြေငြာထားပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ <အခမ်းအနားနဲ့>နိုင်ငံတော်စျာပန ကျင်းပမှာ ဖြစ်ပါတယ်။

အခုတော့မစ္စတာလီကွမ်းယူး ရဲ့ဘဝ ဇာတ်ကြောင်း ကို ပြန်ပြောင်း ကြည့်ရအောင်ပါ။