afghanistan
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကာဘူးလ်မှာ လူထောင်နဲ့ချီ ဆန္ဒပြ

  • 24 မတ် 2015

အာဖဂန်နစ္စတန်နိုင်ငံက ကာဘူးလ်မြို့တော်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမျိုးသမီးငယ်တဦးကို ကိုရမ်ကျမ်းကို ဖျက်စီးမှုနဲ့လူအများက ရိုက်နှက် သတ်ဖြတ်ခဲ့မှုကို အားပေးတဲ့စကားမျိုးဖေ့စ်ဘုခ်မှာရေးခဲ့လို့ ကာဘူးလ်ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူကို တာဝန်ကနေရပ်ဆဲလိုက်ပါတယ်။

အဲဒီကိစ္စကြောင့် လူ ထောင်ပေါင်းများစွာလည်းကာဘူးလ်မြို့မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

သတ်ဖြတ်မှုနဲ့ပတ်သက်လို့လူ ၁၉ ဦးကိုဖမ်းဆီးထားပြီးဖြစ်ကာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကိုလည်း တာဝန်ကနေ ရပ်ဆိုင်းထားပါတယ်။ အာဖဂန်သမ္မတ အာဆက်ဖ်ဂါနီကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ အတွက် အမိန့်ထုတ်ထားပါတယ်။

အကြောင်းစုံကိုဦးကိုကိုအောင်ကပြောပြမှာပါ။