iran_talks
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲ အရေးကြီးဆုံး အချိန်ရောက်

  • 30 မတ် 2015

အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်လို့ အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ရဲ့ဆွေးနွေးပွဲဟာ အရေးကြီးဆုံး

အဆင့်ကိုရောက်လာနေပြီဖြစ်ပါတယ်။

ဒီ၆ နိုင်ငံက အီရန်ကိုသူ့ရဲ့နျူကလီးယားအစီအစဉ်တွေကို အကန့်အသတ်နဲ့သာ လုပ်ဖို့အတွက်ဖိအားတွေပေးနေကြတာပါ။

မနက်ဖြန် အင်္ဂါနေ့ညကိုနောက်ဆုံးထားပြီး သဘောတူညီမှုတခုရဖို့ ကြိုးစားရမှာပါ။

ဒီကြားထဲမှာ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေလက်ဘရော့ဗ်ကလည်း ဆွေးနွေးပွဲတွေကနေပြန်သွားပြီး သဘောတူညီချက်တခု တကယ်ရနိုင်မယ့် အလားအလာ ရှိမှသူပြန်လာမယ်လို့ဆိုပါတယ်။

ဒီနေ့ ဆွေးနွေးပွဲ အခြေအနေကိုတော့ ကိုမိုးမြင့်က ပြောပြမှာပါ။