russian_trawler
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာသင်္ဘောသားတွေပါတဲ့ ငါးဖမ်း သင်္ဘောနစ်

ပိစိဖိတ်သမုဒ္ဒရာ အနောက်ခြမ်းက ကမ်ချတ်ကာ ကျွန်းစွယ်ကမ်းလွန်ပင်လယ်ပြင်ထဲမှာ ရုရှား ငါးဖမ်းသင်္ဘောတစင်းနစ်မြုတ်သွားခဲ့ ရာမှာ လူ ၅၄ ဦး သေဆုံးသွားပါတယ်။

အဲဒီ သင်္ဘောပေါ်မှာ အမှုထမ်း ၁၃၂ ဦး ပါလာပြီး အဲဒီထဲက ၄၂ ဦးဟာ မြန်မာတွေ ဖြစ်ပါတယ်။

အဲဒီပင်လယ်ပြင်မှာ ရေခဲလုမတတ် အေးနေသလို လေတိုက်အားကလည်း ပြင်းလို့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ သွားမရ ဖြစ်နေပါတယ်။ ကိုမိုးမြင့်က ပြောပြမှာပါ။