ကိုးကန့်ဒေသမှဒုက္ခသည်များ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

  • 3 ဧပြီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုးကန့်ဒေသမှဒုက္ခသည်များ

လောက်ကိုင်ဒေသမှာ ဖြစ်တဲ့စစ်ပွဲတွေကြောင့် နယ်စပ်တင်းမာမှုတွေကနေ တရုတ်မြန်မာ ဆက်ဆံရေးကို ထိခိုက်မှာမဟုတ်ဘူးလို့ သမ္မတ ဉီးသိန်းစိန်က ရေဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

တရုတ်နဲ့မြန်မာ နှစ်နိုင်ငံကြား ဆွေးမျိုးပေါက်ဖေါ် ဆက်ဆံရေး နဂိုရှိရင်းစွဲ ပုံစံမျိုး ချစ်ကြည်ရင်းနှီးမှု အပြန်အလှန် နားလည်မှုတွေရော ဆက်ဖြစ်နိုင်ဉီးမလား။ ဒီအကြောင်း မြန်မာ့အရေး ကမ္ဘာ့အရေး အစီအစဉ်မှာ ဒေါက်တာလှကျော်ဇော ကွမ်းလုံ ပြည်သူ့လွှတ်တော်အမတ် ဉီးဟော်ရှောက်ချန်နဲ့ ပင်တိုင် ဆောင်းပါးရှင် စိုင်းဝမ်ဆိုင်တို့နဲ့အတူ ဉီးမောင်မောင်သန်းက တင်ပြထားပါတယ်။