us_south_carolina_shooting_video
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လူမည်းကို ပစ်သတ်ခဲ့တဲ့ လူဖြူရဲကို လူသတ်မှုနဲ့ စွဲချက်တင်

  • 8 ဧပြီ 2015

အမေရိကန်ပြည်ထောင်စုက တောင်ကယ်ရိုလိုင်နားပြည်နယ်မှာ ထွက်ပြေးနေတဲ့ လူမည်းတဦးကို သေနတ်နဲ့ပစ်သတ် ခဲ့တဲ့ လူဖြူရဲ အရာရှိကို လူသတ်မှုနဲ့ စွဲဆိုလိုက်ပါတယ်။ မြောက်ချာလက်စတန်မှာ ပြီးခဲ့တဲ့စနေနေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ဗီဒီယိုနဲ့ရိုက်ထား နိုင်ခဲ့လို့ အခုလို စွဲဆိုနိုင်တာပါ။ အမေရိကန်မှာ ရဲအရာရှိတွေရဲ့ လက်ချက်နဲ့ လူမည်းတွေ သေဆုံးမှုတွေ ဖြစ်ခဲ့ရလို့ ဆန္ဒပြမှုတွေလည်း ရှိနေပါတယ်။ မမေစန္ဒီက ပြောပြမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာပုံရိပ်တွေပါနိုင်ပါတယ်။