မြန်မာခေါင်းဆောင်များ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

  • 16 ဧပြီ 2015
Image caption ၆ပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်လာစဉ်

သမ္မတဉီးသိန်းစိန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်တို့ပါဝင်တဲ့ ၆ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီတော့ အခြေခံဥပဒေ ပြင်ဆင်ဖို့ တပ်မတော်ဘက်က ဘယ်လောက် အဆင်သင့် ဖြစ်နေပြီလဲ။ လွှတ်တော်မှာ တပ်မတော်သား အမတ်၂၅ရာနှုန်းကိုရော ဘယ်လောက် လျှော့လာနိုင်သလဲ။ ဒီအကြောင်း နိုင်ငံတော်သမ္မတ ရုံးညွှန်ကြားရေးမှူး ဉီးဇော်ဌေး လူ့အခွင့်ရေးရှေ့နေ ရောဘတ်စန်းအောင်နဲ့ သတင်းစာ ဆရာစည်သူအောင်မြင့်တို့ ပါဝင် ဆွေးနွေးထားပါတယ်။