London DJ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီဂျီနိုနဲ့ လန်ဒန်က မြန်မာဒီဂျေ

  • 28 ဧပြီ 2015

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Image caption ဒီဂျေစိုင်း ခေါ် ကိုသူ

ဒီနေ့ခေတ် နိုင်ငံတကာမှာရော၊ မြန်မာပြည်မှာပါ ခေတ်စားတဲ့ ပေါ့ပ် နဲ့ ဟစ်ပ်ဟော့ပ် သီချင်းတချို့မှာ ဒီဂျေတွေ ဖန်တီးတဲ့ ဂီတတွေလည်း ပါဝင်နေပါတယ်။

ဒီဂျေတွေဟာ သူ့တိုဖန်တီးတဲ့ ဂီတတွေကို နိုက်ကလပ်တွေမှာတင် ဖွင့်ကြတာ မဟုတ်ပဲ အခုဆိုရင် ကမ္ဘာ့ခေတ်ပေါ်ဂီတမြင်ကွင်းမှာလည်း အတော်တွေ့ရလာရပါတယ်။

လန်ဒန်က မြန်မာဒီဂျေ စိုင်း ခေါ် ကိုသူမှာလည်း သူ့ရဲ့သီချင်းတွေနဲ့အတူ ဂီတအိပ်မက်တွေ ရှိနေပါတယ်။

ဒီအကြောင်း မိုဘီဂျီနို အစီအစဉ်မှာ ကိုသူက ပြောပြထားပါတယ်။

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno)တွေ အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ်လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဒါမှမဟုတ်bbcburmese@gmail.comဆီကို ဆက်သွယ်နိုင်သလို BBC Burmese Facebook ရဲ့ ‘Message’ ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်ရေးသားနိုင်ကြပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။