nepal
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နီပေါလ် ငလျင်ကြောင့် သေဆုံးသူ ၄၀၀၀ နီးပါးရှိပြီ

  • 27 ဧပြီ 2015

နီပေါလ်မှာ ပြီးခဲ့တဲ့ စနေနေ့က ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ကြီး လှုပ်သွားခဲ့လို့ ပျက်စီးဆုံးရှုံးမှု တော်တော် ကြီးမားခဲ့ပါတယ်။

ဆက်သွယ်ရခက်တဲ့ တောင်ပေါ်နေသူတွေဆီကိုလည်း ကယ်ဆယ်ရေး အဖွဲ့တွေ မရောက်နိုင်ဖြစ်နေ ကြပါတယ်။

နီပေါလ်ရဲ့ မြို့တော် ခတ္တမန္တူရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၈၀ မှာ ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တာဖြစ်ပြီး ခုချိန်ထိ သေဆုံးသူ ၃၇၀၀ ရှိသွားပြီလို့ ဆိုပါတယ်။

အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံတွေမှာလည်း အသေအပျောက်တွေ ရှိတယ်လို့ သိရပါတယ်။

နိုင်ငံတကာက ကယ်ဆယ်ရေးတွေလည်း အရှိန်အဟုန်နဲ့ ခတ္တမန္တူကို ရောက်လာနေကြပြီဖြစ် ပါတယ်။ တဘက်မှာတော့ ငလျင်ဘေးက လွတ်မြောက်ခဲ့ကြသူ သိန်းနဲ့ချီပြီး ယာယီ စခန်းတွေမှာ နားခိုနေရတုန်းဖြစ်ပါတယ်။

ဒီငလျင်ကြီးဟာ နီပေါနိုင်ငံအတွက်တော့ နှစ်ပေါင်း ၈၀ အတွင်းမှာ အဆိုးဆုံးဖြစ်ပြီး အပျက်အစီးတွေကနေ ပြန်လည် နာလံထဖို့အတွက်တောင် ဆယ်စုနှစ်တွေ နဲ့ ချီပြီးကြာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

အဲဒီက အခြေအနေတွေကို ဦးကိုကိုအောင်က ပြောပြမှာပါ။