Fashion Designer
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီဂျီနို နဲ့ ဖက်ရှင်ကျောင်းသား

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Image caption ကိုစိုင်းလုံရဲ့ ဖက်ရှင်ဒီဇိုင်း

အမေရိကန်နိုင်ငံက တက္ကသိုလ်တစ်ခုမှာ ဖက်ရှင်ဒီဇိုင်းဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသားတစ်ဦးနဲ့ မေးမြန်းထားတာကို တင်ဆက်ပေးထားပါတယ်။

ဖက်ရှင်ဒီဇိုင်းကျောင်းသား ကိုစိုင်းလုံဟာ ဖက်ရှင်ရှိုးပွဲတစ်ခုမှာ သူ့ရဲ့ဒီဇိုင်းတွေကို ပြသတဲ့အခါ သူ့ရဲ့ဖန်တီးမှုကို သဘောကျပြီး တက္ကသိုလ်ကနေ စကောလားရှစ် ပညာသင်ဆုပေးခဲ့တယ်လို့ သူက ပြောပြပါတယ်။

အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်နဲ့ ရောက်ရှိလာတဲ့ ကိုစိုင်းလုံကတော့ သူဟာ ငယ်ငယ်တည်းက ပုံဆွဲဝါသနာပါရာကနေ အခုလို အမေရိကန်မှာ တက္ကသိုလ် တက်ခွင့်ရတဲ့အချိန်မှာ ဖက်ရှင်ဘာသာရပ်ကို ယူမိတယ်လို့ ပြောပါတယ်။

မိုဘီ ဂျီနို

Image caption စိုင်းလုံနဲ့ သူ့ဖက်ရှင် ဝတ်ထားတဲ့ မော်ဒယ်

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno)တွေ အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ်လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဒါမှမဟုတ် bbcburmese@gmail.com ဆီကို ဆက်သွယ်နိုင်သလို BBC Burmese Facebook ရဲ့ ‘Message’ ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်ရေးသားနိုင်ကြပါတယ်။