afghan kabul
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အာဖဂန်မှာ မိန်းကလေးတဦး ကို သတ်ခဲ့မှုနဲ့ လူ ၄ ဦးကို သေဒဏ်ပေး

အာဖဂန်နစ္စတန်က ကာဘူးလ်မြို့တော်မှာ ပြီးခဲ့တဲ့မတ်လက ဖာကွန်ဒါခေါ်အမျိုးသမီးငယ်ကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ လူ ၄ ဦးကို တရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။

ဖာကွန်ဒါက အဆောင်လက်ဖွဲ့ရောင်းသူကို ဝေဖန်ခဲ့လို့ အဲဒီလူက သူ့ကိုကိုရမ်ကျမ်းကို စော်ကားခဲ့တယ်လို့စွပ်စွဲပြီး လူအုပ်ကြီးက ဝိုင်းရိုက်နှက် သတ်ဖြတ်ခဲ့တာပါ။

ဒီအမှုနဲ့ပတ်သက်သူ နောက်ထပ် ၈ ဦးကိုလည်း ထောင်ဒဏ် ၁၆ နှစ် အပြစ်ပေးလိုက်ပေမယ့် ၁၈ ဦးကိုတော့ လွှတ်ပေးခဲ့ပါတယ်။