nepal quake
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နီပေါရဲ့ ဂူကျောင်း ပုထိုးတွေ ပျောက်ဆုံး သွားမှာ စိုးရိမ်

  • 11 မေ 2015

နီပေါနိုင်ငံမှာ ပြီးခဲ့တဲ့လက လှုပ်ခဲ့တဲ့ငလျင်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့တဲ့နေရာတွေမှာ တောင်ပြို မြေပြိုမှုတွေဆက်ပြီးဖြစ်ပွားနေပါတယ်။

လန်တန်း တောင်ကြားဘက်မှာ ဆိုလည်း ရာသီဥတု ဆိုးရွားလို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကိုလည်း ရပ်ဆိုင်းထားရတယ်လို့ဆိုပါတယ်။

မြို့တော်ခတ္တမန္တူမှာတော့ ငလျင်ကြောင့်ပျက်စီးခဲ့ရတဲ့ ဂူကျောင်းဘုရားစတဲ့ ဘာသာရေး အဆောက်အအုံ တွေကို ဘယ်လိုပြန်လည် ပြုပြင်သွားမလဲ ဆိုတာကို ကျွမ်းကျင်သူတွေနဲ့ စီစဉ်နေကြပါတယ်။

တဘက်မှာလည်း ဒီယဉ်ကျေးမှု အမွေတွေလုံးဝ ပျောက်ကွယ် ပျက်စီးသွားတော့ မလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ အကြောင်းစုံကို မမေစန္ဒီက ပြောပြပါလိမ့်မယ်။