KERRY
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂျွန်ကယ်ရီ ရုရှားသမ္မတနဲ့ ဆွေးနွေး

  • 12 မေ 2015

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ ဒီကနေ့ ရုရှားနိုင်ငံကို ရောက်ရှိလာပြီး ရုရှား သမ္မတ ပူတင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သူတို့ဆွေးနွေးကြတဲ့အထဲမှာ ယူကရိန်းအရေးတွေလည်းပါဝင်ပါတယ်။

ဒါဟာ နှစ်နိုင်ငံအကြား တနှစ်ခွဲအတွင်း ပထမဆုံးအကြိမ် အဆင့်အမြင့်ဆုံး သံတမန် ခရီးစဉ်လည်း ဖြစ်ပါတယ်။

အစောပိုင်းကတော့ မစ္စတာ ကယ်ရီဟာ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေလက်ဗရော့ဘ်နဲ့ အတူ ဆိုချီက စစ်အောင့်မေ့ဖွယ် ကိုသွားပြီး လွမ်းသူ့ ပန်းခွေချခဲ့သလို ဒုတိယ ကမ္ဘာစစ်အတွင်းက ရုရှား ရဲ့ ဆောင်ရွက်ချက်တွေကိုလည်း အသိအမှတ်ပြုတဲ့ကြောင်းပြောကြားခဲ့ပါတယ်။ ကိုကျော်စွာက ပြောပြမှာပါ။