yemen refugee
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂျီဘူတီမြို့က ယီမင်စစ်ပြေးဒုက္ခသည် တွေရဲ့ အခြေအနေ

  • 21 မေ 2015

ဂျီနီဗာမှာ ပြုလုပ်မယ့် ကုလသမဂ္ဂရဲ့ ယီမင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အစိုးရရော သူပုန်တွေဘက်ကပါ တက်ရောက်ဖို့ သဘောတူခဲ့ကြပါတယ်။ အခုဆို ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တွေဟာ နိုင်ငံမြောက်ပိုင်းက ဟူသီသူပုန်တွေကိုဗုံးကြဲတိုက်ခိုက်နေကြသလို၊ သူပုန်တွေဘက်ကလည်း အေဒင်မြို့ တချို့နေရာတွေကို အမြောက်တွေနဲ့ ပစ်ခတ်နေကြတာပါ။ စစ်ကြောင့် လူသန်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြပြီး ဂျီဘူတီမြို့ကို လှေလေးထောင်လောက်နဲ့ ရောက်လာခဲ့ကြပါတယ်။ ဘီဘီစီရဲ့ နိုင်ငံတကာ သတင်းထောက်ချုပ် လိစ်ဒူဆက်ရဲ့ သတင်းပေးပို့ချက်ကို ကိုသက်ထွေးနိုင်က ပြန်ပြီး ပြောပြထားပါတယ်။