Syria tank
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယားနယ်စပ်ဂိတ် IS သိမ်းပိုက်

အီရတ်နဲ့ဆီးရီးယားကြားက ဆီးရီးယား အစိုးရထိန်းချုပ်ထားနိုင်တဲ့ နောက်ဆုံး နယ်စပ်ဂိတ်နေရာကို အစ္စလမ်မစ်နိုင်ငံအဖွဲ့ IS တွေသိမ်းပိုက်လိုက်ပြီလို့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ သမ္မတအိုဘားမားကတော့ အမေရိကန်ဟာ ဂျီဟဒ်တွေကို စစ်မရှုံးပါဘူးလို့ ဆိုနေပါတယ်။ ဒါပေမယ့် စစ်မြေပြင်မှာ IS တပ်တွေ အသာစီးရနေပါတယ်။ ဒီအကြောင်း ကိုမိုးမြင့်က ဆက်ပြီး ပြောပြထားပါတယ်။