iraq_abadi_ramadi_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရာမာဒီကို ပြန်သိမ်းမယ်လို့ အီရတ် ဝန်ကြီးချုပ်ပြော

  • 25 မေ 2015

အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါအဲလ် အဘာဒီက အစ္စလာမ်မစ်နိုင်ငံ လက်ထဲရောက်နေတဲ့ ရာမာဒီမြို့ကို သူ့တပ်တွေက ပြန်လည် ရယူမှာ ဖြစ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

တဆက်ထဲမှာပဲ အီရတ်စစ်တပ်ဟာ တိုက်ရည်ခိုက်ရည် နည်းတယ် စိတ်ဓာတ် မကောင်းဘူးလို့ ဆိုထားတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ ဝေဖန်ချက်တွေကိုလည်း ပယ်ချလိုက်ပါတယ်။

အီရတ်နဲ့ ဆီးရီးယားမှာ မကြာသေးခင် အတွင်းက အိုင်အက်စ် စစ်သွေးကြွတွေက နယ်မြေတချို့ကို တိုးချဲ့ သိမ်းပိုက်လာနိုင်တဲ့ နောက်မှာ အခုလို ပြောခဲ့တာပါ။ ဒီအကြောင်း ကိုမင်းထက်က ပြောပြမှာပါ။