china
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်ခရီးသည်တင် သင်္ဘော ယန်ဇီမြစ်အတွင်းတိမ်းမှောက်

  • 2 ဇွန် 2015

တရုပ်နိုင်ငံ ဟူဘေပြည်နယ်က ယန်ဇီမြစ်ကြီးထဲမှာ လူ ၄၅၈ ယောက် တင်ဆောင်လာတဲ့ ခရီးသည်တင် သင်္ဘောတစင်း တိမ်းမှောက်သွားခဲ့တဲ့ ပါတယ်။

အဲဒီထဲက ၅ ဦးသေဆုံး ခဲ့ရပြီဖြစ်သလို လူပေါင်း ရာနဲ့ချီပြီး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ခုထက်ထိ လူ ၁၄ ဦးကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ကာ တချို့ဟာ သင်္ဘောကိုယ်ထည် ထဲမှာ အသက်ရှင် နေကြဆဲ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အသက်ဘေးက လွတ်မြောက်လာတဲ့ သင်္ဘောကက်ပတိန်နဲ့ အင်ဂျင်နီယာချုပ် တို့ကို ထိန်းသိမ်းထားပြီးဖြစ်ပါတယ်။

သူတို့ ကတော့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သင်္ဘောမှောက်ခဲ့တာလို့ ပြောပါတယ်။

အကြောင်းစုံကို မမေစန္ဒီက ပြောပြမှာပါ။