mers
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တောင်ကိုရီးယားမှာ မားစ်ရောဂါ ကူးစက်

  • 9 ဇွန် 2015

တောင်ကိုရီးယား နိုင်ငံမှာ အရှေ့အလယ်ပိုင်းအသက်ရှုလမ်းကြောင်းရောဂါ ကူးစက်မှုတွေ ဖြစ်နေပေမယ့် ခရီးသွားလာမှုနဲ့ကုန်သွယ်မှုတွေကိုပိတ်ပင်ဖို့ မလိုသေးတဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

ဟောင်ကောင်အစိုးရက အဲ့ဒီဘက်ကိုမလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုလုပ်ဖို့ သတိပေးချက်တွေ ထုတ်ပြန်လိုက်အပြီးမှာ အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ကျန်းမာရေး ဝန်ကြီးဌာနရဲ့အဆိုအရ အခုအဲ့ဒီမားစ်ရောဂါကြောင့်သေဆုံးရသူ ၇ ဦးရှိပြီဖြစ်ပါတယ်။ အကြောင်းစုံကို ကိုကျော်စွာက ပြောပြမှာပါ။