mosul
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

IS ထိန်းချုပ်ထားတဲ့မိုဆူးလ် မြို့တွင်း က လူနေမှုဘဝတွေ ဘယ်လိုရှိသလဲ

  • 9 ဇွန် 2015

အီရတ်နိုင်ငံက မိုဆူးလ်မြို့ကို အစ္စလာမ်မစ် နိုင်ငံအဖွဲ့တွေသိမ်းပိုက်ထားခဲ့တာ တနှစ် ရှိခဲ့ပါပြီ။ မြို့နယ် တခုလုံးလူသူ မဲ့သွားတာတွေ ရှိသလို ရှေးဟောင်း အမွေအနှစ်တွေ တော်တော် များများလည်း ဖျက်ဆီး ခံခဲ့ရပြီးဖြစ်ပါတယ်။

အဲဒီမြို့ထဲမှာ ကျန်နေသူတွေရဲ့နေစဉ်ဘဝတွေကိုလည်းအိုင်အက်စ်တွေကပဲ ထိန်းချုပ်ထားပါတယ်။ အဝတ်အစားကအစ စာသင်ကျောင်းတွေအဆုံး သူတို့ ထိန်းချုပ်ထားတာပါ။ အဲဒီအိုင်အက်စ်အောက်က မြို့သူမြို့သားတွေရဲ့လူမှုဘဝအခြေအနေတွေကိုဘီဘီစီက စုံစမ်း တင်ပြထားပါတယ်။ မမေစန္ဒီက ပြောပြမှာပါ။