calai
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပြင်သစ်က ကယ်လေမှာ ရွေ့ပြောင်း နေထိုင်သူတွေ များလာနေ

  • 10 ဇွန် 2015

ဥရောပတောင်ပိုင်းမှာ ရွေ့ပြောင်းလာသူတွေ အရေအတွက် သိသိသာသာ များလာတာကြောင့်အဲဒီက ဒေသခံတွေမှာပါ ထိခိုက်မှု တွေရှိလာနေပြီလို့ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

နောက်ဆုံး ခန့်မှန်းချက်တွေအရတော့ ဒီနှစ်ထဲမှာတင် မြေထဲပင်လယ်ကိုဖြတ်ပြီး မြောက်အာဖရိကဘက်က ရောက်လာကြတဲ့လူပေါင်း ၁ သိန်းလောက်ရှိပြီဖြစ်ပါတယ်။

အဲဒီထဲက အများစုဟာ အီတလီနဲ့ဂရိကို ရောက်လာကြတာပါ။ ဒါပေမယ့် တချို့ကတော့ယူကေရဲ့တံခါးပေါက် ဖြစ်တဲ့ပြင်သစ်က ကယ်လေအထိကိုအရောက်နှင်ကြပါတယ်။ အဲဒီကယ်လေမှာ ဘာတွေဖြစ်နေပြီလဲဆိုတာ ကိုကျော်စွာက ပြောပြမှာပါ။