nepal tourism
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နီပေါမှာ ခရီးသွားတွေကို ပြန်ဖိတ်ခေါ်

  • 25 ဇွန် 2015

နီပေါ ငလျင် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာ အထောက်အပံ့ အေဂျင်စီတွေက ဒေါ်လာ ၃ဘီလျံကို လှူဒါန်းခဲ့ပါတယ်။ အစိုးရဟာ ငလျင်ဘေးသင့်သူတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ချက်ချင်းလုပ်ဆောင်ပေးမယ့်အစား ရေရှည်စီမံကိန်းတွေကို ဆောင်ရွက်နေတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ နီပေါ ခရီးသွားလာရေး ဝန်ကြီးဌာနကတော့ နိုင်ငံခြားသား ခရီးသွားတွေကို ပြန်လာဖို့ ဖိတ်ခေါ်နေပါတယ်။ ခရီးသွားလုပ်ငန်းဟာ တိုင်းပြည်ရဲ့ အဓိက ဝင်ငွေဖြစ်နေတဲ့ နီပေါနိုင်ငံက လတ်တလော အခြေအနေတွေကို ကိုသိန်းမြတ်က ပြောပြထားပါတယ်။