greece
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂရိ အကြွေး ပြဿနာကြောင့် အစုရှယ်ယာစျေးတွေ ကျနေ

  • 29 ဇွန် 2015

ဂရိနိုင်ငံက ကြွေးမြီကိစ္စဆွေးနွေးပွဲတွေကနေ ရှောင်ဖယ်သွားတာနဲ့ပတ်သက်လို့ သစ္စာဖောက်ခံရသလို ခံစားရတဲ့အကြောင်း ဥရောပ ကော်မရှင်ဥက္ကဌ ယွန်ကလော့ဒ်ယန်ကာ က ပြောပါတယ်။

ဆက်လက်ပြီး ယူရိုဇုန်နိုင်ငံတွေကိုလည်းညီညွတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဂရိနိုင်ငံမှာတော့ ဘဏ်တွေကိုသတင်းတပတ်စာ ပိတ်ထားပြီး အေသင်စတော့ရှယ်ယာ စျေးကွက်ကိုမှာလည်းအရောင်းအဝယ်တွေ လုပ်မှာမဟုတ်ပါဘူး။

ဒီဂရိဘဏ္ဍာရေးအကျပ်အတည်းကြောင့် ဥရောပဘက်က စတော့စျေးကွက် ဖွင့်ချိန်မှာ ရှယ်ယာစျေးနှုန်းတွေထိုးကျသွားခဲ့ပါတယ်။ ဂျာမန် ပြင်သစ်နဲ့ဒတ်ချ် စျေးကွက်တွေမှာ ၄ ရာခိုင်နှုန်း ကျသွားပြီးအာရှစျေးကွက်တွေမှာလည်းရှယ်ယာစျေးတွေထိုးကျသွားခဲ့ပါတယ်။ ဂရိက အခြေအနေကို မမေစန္ဒီပြောပြပါလိမ့်မယ်။