အခြေခံဥပဒေ ပြင်ဆင်ရေး အကျပ်အတည်း

  • 30 ဇွန် 2015
myanmar_constitution_demonstration ဓာတ်ပုံ မူပိုင် AP
Image caption ၂၀၀၈ အခြေခံဥပဒေပြင်ဖို့ တကသ ကျောင်းသားတွေ ဆန္ဒပြခဲ့

မြန်မာနိုင်ငံအစိုးရ စနစ်မှာ ဒုတိယသမ္မတနှစ်ဦး အစား တဦးပဲထားဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ (ခ) နဲ့ပတ်သက်ပြီး ဇွန်လ ၃၀ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ရာ အခုလို တင်ပြခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတတွေအနေနဲ့ ရွေးချယ် တင်မြှောက်ခံရတဲ့ နေ့ကစပြီး၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်ရမှာဖြစ်ပြီး၊ ပါတီ၀င်ဖြစ်ရင် ပါတီလုပ်ငန်းတွေကို မလုပ်ရဘူးဆိုတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီက ဆွေးနွေးခဲ့ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ အဲဒီအချက်တွေကို ပြင်ဆင်ဖို့ အချိန်မကျသေးဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

အဲဒီနေ့မှာပဲ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ကျောင်းသာတွေဦးဆောင်ပြီး ရန်ကုန်မြို့ သိမ်ကြီးစျေးရှေ့ကနေ ဆူးလေမြို့တော်ခန်းမကို လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

၂၀၀၈အခြေခံဥပဒေကို ပြင်ပေးဖို့နဲ့ လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ရာခိုင်နှုန်းကို ဖယ်ပေးဖို့ ကျောင်းသားတွေဘက် တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။