အမျိုးသမီး အရေးဆွေးနွေးခန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

  • 5 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသမီး အကျဉ်းသူများ ပြန်လွတ်လာစဉ်

ဇူလိုင်လ ၃ရက်ဟာ မြန်မာအစိုးရက ကြီးမှူးကျင်းပတဲ့ မြန်မာ့အမျိုးသမီးနေ့ဖြစ်ပါတယ်။ တဖက်က အမျိုးသမီး အခွင့်ရေး လှုပ်ရှားသူတွေကတော့ မျက်မှောက်ခေတ် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ်အကြမ်းဖက် စော်ကားမှုတွေ ပိုများနေတယ်လို့ ထောက်ပြ နေကြပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ဘဝ လုံခြုံစိတ်ချရမှုက ဘယ်လောက် အာမခံချက်ရှိသလဲ မရှိဘူးလဲ ဆိုတဲ့အကြောင်း မြန်မာနိုင်ငံအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအဖွဲ့မှ မနှင်းဝေ ကျားမ တန်းတူရေး ကွန်ယက်မှ မေစပါယ်ဖြူနဲ့ အခရာ အမျိုးသမီးအဖွဲ့မှ မထားထားတို့ ပါဝင်ဆွေးနွေးထားပါတယ်။