အာရှအဝေးပြေးလမ်း အစိုးရထိန်းချုပ်

  • 8 ဇူလိုင် 2015
dkba
Image caption အာရှအဝေးပြေးလမ်းမကြီး ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

မြန်မာအစိုးရ နဲ့ BGF ကရင်နယ်ခြားစောင့်တပ်တွေက DKBA ရဲ့ ကောင်းမှုစခန်းကို သိမ်းလိုက်ပြီး ကုန်သွယ်ရေးလမ်းကြောင်းကို ဇူလိုက်လ ၈ရက်နေ့ မှာ ပြန်ဖွင့်ပေးလိုက်ပါတယ်။

ကော့ကရိတ်နဲ့ သင်္ဃန်းညီနောင်ကြား အဝေးပြေးလမ်းမဟောင်းဘက်က ကောင်းမှုရွာအနီးမှာ တပ်စွဲထားတဲ့ DKBA စခန်းကို မြန်မာအစိုးရနဲ့ BGF တပ်တွေတိုက်ခဲ့ပြီးနောက် ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် တပတ်ကြာပိတ်ထားရတဲ့ မြ၀တီ၊ ကော့ကရိတ်ကုန်သွယ်ရေးလမ်းကြောင်းကိုလည်း အဲဒီနေ့မှာပဲ ပြန်ဖွင့်လိုက်ပါတယ်။

ကရင်လူမျိုးအချင်းချင်းတိုက်တာမဟုတ်ပဲ လမ်းပိတ်လို့ လူထုတွေဒုက္ခရောက်နေတဲ့အတွက် ကူညီဖြေရှင်းပေးတာလို့ BGFတပ်နယ်မှူးဗိုလ်မှူးကြီးစောချစ်သူက ပြောပါတယ်။ လာမယ့်တရက်နှစ်ရက်အတွင်းမှာ မြ၀တီ၊ ကော့ကရိတ်ကုန်သွယ်ရေးလမ်းကြောင်းကို ပုံမှန်ပြန်ဖြစ်အောင်လုပ်သွားမယ်လို့လည်း သူကပြောပါတယ်။

ဒါပေမယ့် ကော့ကရိတ်မြို့နယ်ထဲမှာ DKBA ကလို့ထူးဝါးရဲ့တခြားစခန်းတွေရှိနေသေးတာကြောင့် တိုက်ပွဲတွေကပြီးသွားပြီလို့မပြောနိုင်သေးကြောင်း စစ်ရေးကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။