koh tao thai
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ခိုတောင်ကျွန်း လူသတ်မှု စတင်ရုံးထုတ်

  • 8 ဇူလိုင် 2015

ထိုင်းနိုင်ငံက ခိုတောင်ကျွန်းမှာ ဗြိတိသျှ ခရီးသွား ၂ ယောက်ကိုသတ်ခဲ့တယ်လို့စွပ်စွဲခံထားရတဲ့ မြန်မာ ရွေ့ပြောင်းလုပ်သား၂ ဦးကို ရုံးထုတ်စစ်ဆေးမှုတွေ စတင်ပြီဖြစ်ပါတယ်။

ဒေးဗစ်မေလာနဲ့ဟာနာဝုဒ်သာရစ်ချ်တို့ဟာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလာက အသတ်ခံရတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုတွေအပေါ်ဝေဖန်မှုတွေအများအပြားရှိနေပြီးအစက ပေးထားတဲ့ခံဝန်ချက်တွေကိုလည်းပြန်ရုတ်သိမ်းသွားခဲ့ပြီးဖြစ်ပါတယ်။

တခါ ဒီအန်အေနဲ့ပတ်သက်လို့စစ်ဆေးမှုတွေ့ရှိချက်တွေပေါ်မှာလည်းသံသယတွေရှိနေကြပါတယ်။အခု မြန်မာလုပ်သားနှစ်ဦးကို တရားရုံးစစ်ဆေးနေတဲ့ နောက်ဆုံးအခြေအနေကိုတော့ ကို ရင်မောင်က ပြောပြမှာပါ။