Finland Footballer
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီဂျီနိုနဲ့ ဖင်လန်က မြန်မာဘောလုံးသမား

  • 15 ဇူလိုင် 2015

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်မှာတော့ ဖင်လန်နိုင်ငံက ဘောလုံးကလပ်အသင်းတစ်ခုမှာ ကစားနေတဲ့ တိုက်စစ်မှူး ကျော်ဆန်းချစ်အကြောင်း တင်ဆက်ပေးထားပါတယ်။

ဥရောပ ချန်ပီယံစ် လိဂ် အသင်းတစ်ခုမှာ ကစားနိုင်ဖို့က သူ့အိပ်မက်လို့ ပြောပါတယ်။ အထူးသဖြင့် ဟော်လန်က ကလပ်အသင်းတစ်ခုမှာ ကစားချင်တယ်လို့ ဆိုပါတယ်။

Image caption တိုက်စစ်မှူး ကိုကျော်ဆန်းချစ်

သူ့အကြောင်း နားဆင်နိုင်ကြပါတယ်။

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno)တွေ အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ်လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဒါမှမဟုတ် bbcburmese@gmail.com ဆီကို ဆက်သွယ်နိုင်သလို BBC Burmese Facebook ရဲ့ ‘Message’ ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်ရေးသားနိုင်ကြပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။