ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဘီဘီစီတွေ့ဆုံမေးမြန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

  • 23 ဇူလိုင် 2015
Image caption ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဘီဘီစီတွေ့ဆုံမေးမြန်း

တပ်မတော် ကာကွယ်ရေး ဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်းမှာ တည်ငြိမ် အေးချမ်းပြီး ပြည်သူတွေအတွက် အာမခံချက် ရှိမှသာ စစ်တပ်အနေနဲ့ သူရှိသင့်ရှိထိုက်တဲ့ နေရာမှာ နေမယ်လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေး ရဖို့ဆိုရင်လည်း တဖက်နဲ့တဖက် ယုံကြည်မှုရှိရေး လက်နက် ဖြုတ်သိမ်းရေးတို့ကို ချပြသွားပါတယ်။ဒီလို တပ်မတော်ရဲ့သဘောထားကြောင့် တိုင်းပြည် ရေရှည် ငြိမ်းချမ်းဖို့နဲ့ နိုင်ငံရေးက နေစစ်တပ်က ဆုတ်ခွာရေး အပေါ်ဘယ်လို အကျိုးသက်ရောက် နိုင်မလဲ။ ဒီအကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို UK ရှိ ကေအင်အို ကချင် အမျိုးသား အဖွဲ့မှ အလုပ်အမှုဆောင် ဉီးခွန်ဆာ ချင်းမိုင် အခြေစိုက် ငြိမ်းချမ်းရေး အင်စတီကျုမှ ဉီးခွန်ဆိုင်းတို့ ပါဝင်ဆွေးနွေး ထားပါတယ်။