doping
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တားမြစ်ဆေးသုံးရင် သက်ညှာမှာမဟုတ်

  • 3 ဩဂုတ် 2015

နိုင်ငံတကာ အိုလံပစ် ကော်မတီက အိုလံပစ် ချန်ပီယံတွေမှာ တားမြစ်ဆေး သုံးစွဲထားတာကို စစ်ဆေး တွေ့ရှိရရင် လုံးဝ သက်ညှာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၁ ကနေ ၂၀၁၂ အတွင်း ကျင်းပခဲ့တဲ့ ပြိုင်ပွဲကြီး တော်တော်များများမှာ အနိုင်ရခဲ့ သူတွေရဲ့ ၃ ပုံ၁ ပုံမှာ တားမြစ်ဆေး သုံးထားတဲ့ လက္ခဏာမျိုးတွေကို ဆေးစစ်ရာမှာ တွေ့ရှိခဲ့တာတွေ ရှိတယ်လို့ ဂျာမနီနဲ့ဗြိတိသျှ မီဒီယာတွေက ဖော်ပြခဲ့အပြီး အခုလို ပြောလိုက်တာပါ။

အဲ့ဒါကြောင့်လည်းအခုဆိုရင် အားကစား လောကမှာ တားမြစ်ဆေး သုံးစွဲမှုတွေကို ဘယ်လောက် အတိုင်းအတာအထိ ကိုင်တွယ်နေသလဲ ဆိုတဲ့မေးခွန်းတွေ ထွက်လာနေပါပြီ။ ကိုရင်မောင်က ပြောပြမှာပါ။