myanmar_floods
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရေဘေးအတွက် နိုင်ငံတကာ အကူအညီတောင်းပြီ

  • 4 ဩဂုတ် 2015

မြန်မာ အစိုးရက ရေဘေး ကယ်ဆယ်ရေး အတွက် နိုင်ငံတကာ အကူအညီတွေ တောင်းခံလိုက်ပြီ ဖြစ်ပါတယ်။

ဒီရေလွှမ်းမိုးမှုတွေကြောင့် အနည်းဆုံး လူ ၄၆ ဦးအသက် ဆုံးရှုံးခဲ့ရပြီး ဖြစ်သလို လူ ၂ သိန်းမက ရေဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြည်နယ်နဲ့ တိုင်း ၄ ခုမှာ အရေးပေါ် အခြေအနေကြေညာထားရပြီးဖြစ်ကာ နေရာ တော်တော် များများဟာလဲ အဆက်အသွယ်တွေ ပြတ်တောက်နေပါတယ်။

ဒီရေဘေးနဲ့ ပတ်သက်လို့ တုံ့ပြန် ဆောင်ရွက်ရာမှာ အားနည်းတယ်ဆိုပြီးအစိုးရအပေါ်မှာ လည်း ဝေဖန်မှုတွေရှိနေပါတယ်။ အကြောင်းစုံကို ကိုကျော်စွာက ဆက်ပြောပြမှာပါ။