_bangkok_blast_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗုံးခွဲသူ တယောက်မကလို့ ထိုင်းရဲပြော

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လူ ၂၀ သေဆုံးခဲ့ရတဲ့ တနင်္လာနေ့က ဗုံးခွဲတိုက်ခိုက်မှု အတွက် သံသယရှိသူရဲ့ မှန်းဆ ပုံတူကို ထိုင်းရဲက ထုတ်ပြန်လိုက်ပါတယ်။

ဒါပေမယ့် ခုထက်ထိ ဒီလူဟာ ထိုင်းလား နိုင်ငံခြားသားလား ဆိုတာတော့ မကွဲပြားသေးပါဘူး။ ဒီတိုက်ခိုက်မှုကို သူတယောက်ထဲ လုပ်ခဲ့တာ မဖြစ်နိုင်ဘူးလို့လဲ ရဲက ပြောနေပါတယ်။

နောက်ပြီး သတင်းပေးသူကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မယ် လို့လည်း ကြေညာထားပါပြီ။ ကိုရင်မောင်က ပြောပြပါလိမ့်မယ်။