Kaung Oo Htet Phd Engineer
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီဂျီနို နဲ့ ပါရဂူဘွဲ့သင်တန်းက လူငယ်အင်ဂျင်နီယာ

  • 3 စက်တင်ဘာ 2015

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Image caption Ph.D ကျောင်းသား ကိုကောင်းဦးထက်

အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတွေကို ဦးနှောက်ထဲမှာ အဆင့်မြင့် စက်ကိရိယာထည့်ပြီး ကုသပေးနိုင်ဖို့ သိပ္ပံပညာရှင်တွေ ကြိုးစားနေပါတယ်။

အဲဒီလို ကြိုးစားနေကြတဲ့ ပညာရှင်အဖွဲ့တစ်ခုထဲမှာ ယူကေရောက် မြန်မာလူငယ်တစ်ဦးလည်း ပါဝင်ပါတယ်။ နယူးကာဆယ်လ် တက္ကသိုလ်ရဲ့ အီလက်ထရွန်းနစ် အင်ဂျင်နီယာ ဘာသာရပ်၊ ပါရဂူဘွဲ့သင်တန်းမှာ လေ့လာနေတဲ့ မြန်မာလူငယ် ကိုကောင်းဦးထက်က သူလေ့လာနေတဲ့ ဘာသာရပ် အကြောင်း ပြောပြထားတာကို နားဆင်နိုင်ကြပါတယ်။

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno)တွေ အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ်လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဒါမှမဟုတ် bbcburmese@gmail.com ဆီကို ဆက်သွယ်နိုင်သလို BBC Burmese Facebook ရဲ့ ‘Message’ ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်ရေးသားနိုင်ကြပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။