alaska
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အာတိတ် ဒေသတွင်း နေထိုင်ကြသူများ

  • 1 စက်တင်ဘာ 2015

မြောက်အမေရိကတိုက်ရဲ့ အမြင့်ဆုံးတောင်ကြီးဖြစ်တဲ့ မောင့်မက်ကင်လေကို ဒန်နာလီလို့ အမည်ပြောင်းလဲ ခေါ်ဝေါ်သွားမယ့်အကြောင်း သမ္မတ အိုဘားမားက ကြေညာခဲ့ပါတယ်။ ဒါဟာ အလာစကာဒေသခံတွေက ခေါ်တဲ့ အမည်ပဲဖြစ်ပါတယ်။ အလာစကာမှာ ကျင်းပမယ့် ရာသီဥတုပြောင်းလဲမှု နဲ့အာတိတ် ဒေသဆိုင်ရာ ညီလာခံကိုတက်ရောက်ဖို့ အလာစကာကို ၃ ရက်ကြာ ခရီးမစတင်ခင်မှာပဲ အခုလိုကြေညာလိုက်တာပါ။

ဒီဒေသအတွင်းမှာ အဓိက နေထိုင်ကြတာက အင်းနုဝစ် လူမျိုးစုတွေဖြစ်ပါတယ်။ သူတို့အကြောင်းကို ဦးမောင်မောင်သန်းက ပြောပြမှာပါ။