budapest
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဟန်ဂေရီက ရွှေ့ပြောင်းသူများ အခြေအနေ

  • 1 စက်တင်ဘာ 2015

ဟန်ဂေရီနိုင်ငံ မှာတော့ အာဏာပိုင်တွေက ဩစတီးယားနဲ့ဂျာမနီဆီ ခရီးဆက်ကြမယ့် ရွေ့ပြောင်း နေထိုင်သူပေါင်း ရာပေါင်းများစွာကို ဘူဒါပက်ရှ် မြို့တော်ဘူတာရုံကြီးထဲ ဝင်လို့မရအောင်ပိတ်ပင် ထားကြပါတယ်။

တနင်္လာနေ့ကပဲ ဗီယင်နာ မြို့တော်ကို ရွှေ့ပြောင်းသူပေါင်း ၃ ၅၀၀ လောက် ရောက်လာခဲ့ ကြပါတယ်။ တချိန်ထဲမှာပဲ ဂျာမနီဝန်ကြီးချုပ် အန်ဂလာ မာခဲလ်က ဒီဒုက္ခသည်နဲ့ လူဝင်မှု ပြဿနာတွေကို ဖြေရှင်းဖို့ ဥရောပ ကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။

အဲဒီထဲမှာ အများအာရုံစိုက်နေကြတဲ့ တနေရာကတော့ ဆာဗီးယားနဲ့ ရိုမေးနီးယားတို့နဲ့ ထိစပ်နေတဲ့ ဟန်ဂေရီ နယ်စပ်ပဲဖြစ်ပါတနယ်။

အဲဒီကို ပြီးခဲ့တဲ့ သတင်းပတ်တွေ အတွင်းမှာ လူထောင်ပေါင်းများစွာ ရောက်လာခဲ့တဲ့ အတွက် အခုဆိုရင် မိုင်တရာရှည်တဲ့ ခြံစည်ရိုးကြီးတောင်ကာနေပြီဖြစ်ပါတယ်။ အဲဒီက အခြေအနေတွေကို ကိုမင်းထက်က ပြောပြမှာပါ။