hungary refugees
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဟန်ဂေရီ ရထားပေါ်ကဆင်းဖို့ ဒုက္ခသည်တွေ ငြင်းဆို

  • 3 စက်တင်ဘာ 2015

ဟန်ဂေရီမြို့တော် ဘူဒါပက်စ် အနောက်ပိုင်းမှာ ရွှေ့ပြောင်းခိုလှုံသူတွေကို တထောက်နား စခန်း တခုကို ပို့ဖို့ရဲတွေ က ရထားပေါ်ကဆွဲချတဲ့ အတွက် ရှုပ်ထွေးမှုတွေဖြစ်ခဲ့ပါတယ်။

စောစောပိုင်းမှာတုန်းက သြစတြီးယားနယ်စပ်ကို သွားရမယ်လို့ယူဆတဲ့ ရွှေ့ပြောင်းသူ တွေဟာ ရထားပေါ်ကို စုပြုံတက်ခဲ့ပါတယ်။ ဒါပေမယ့် ဘူဒါပက်စ် အနောက်ဖက် တထောက်နားစခန်းမှာ ရထားကရပ်လိုက်လို့ ဟန်ဂေရီမှာ မှတ်ပုံတင်ရင် တခြားကို ဆက်မသွားရမှာ စိုးရိမ်ပြီး ရထားပေါ်ပြန်တက်ဖို့ကြိုးစားကြတာပါ။

တူရကီကမ်းခြေမှာ ရေနစ်သေတဲ့ညီအစ်ကို ကလေးနှစ်ဦးအလောင်းကို တွေ့ခဲ့လို့ ဒီအရေးမှာ လူ့အသက်ဆုံးရှုံးမှု တွေပိုပြီး မြင်သာလာပါတယ်။ ဦးကိုကိုအောင် ပြောပြထားပါတယ်။

ဒီသတင်းမှာ စိတ်အနှောက်အယှက်ဖြစ်စရာ မြင်ကွင်းတွေပါတဲ့ အကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။