aylan kurdi
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပင်လယ်ထဲမှာ စွန့်ပစ်ခံတယ်ရလို့ ဆီးရီးယား ဒုက္ခသည် ပြော

  • 4 စက်တင်ဘာ 2015

ရွှေ့ပြောင်းခိုလှုံသူအရေးနဲ့ပတ်သက်ပြီး ဥရောပနိုင်ငံတွေအနေနဲ့ ဒုက္ခသည် ၂သိန်းကို လက်ခံရမယ်လို့ ကုလသမဂ္ဂက ကြေညာလိုက်ပါတယ်။ ဥရောပခေါင်းဆောင်တွေကြားမှာ ဒုက္ခသည်တွေကို ခွဲဝေလက်ခံရေးနဲ့ ပက်သက်ပြီး ကွဲလွဲမှုတွေ ရှိနေပါတယ်။ ဗြိတိသျှအစိုးရကတေ့ ဒုက္ခသည် ထောင်ကျော်ကို စီစစ်ပြီး လက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။

ဟန်ဂေရီနိုင်ငံမှာတော့ သြစတြီးယား နဲ့ ဂျာမနီကို ထွက်ဖို့ မျှော်လင့်နေတဲ့ ဒုက္ခသည် ရာကျော်ဟာ ဘူဒါပက်စ် အနောက်ပိုင်းက တထောက်နားစခန်းမှာ ပိတ်မိနေဆဲဖြစ်ပါတယ်။ ပင်မဘူတာရုံမှာလည်း တချို့တွေက သြစတြီးယားကို ခြေကျင် ခရီး နှင်ကဖို့ လုပ်နေကြပါပြီ။ တချိန်ထဲမှာပဲ လစ်ဗျားကမ်းခြေမှာဘက် လည်း ဥရောပကို လာဖို့ ကြိုးစားနေတဲ့ ဒုက္ခသည် သေဆုံးမှု တွေ ပိုများလာနိုင်တယ်လို့ မှန်းဆထားကြပါတယ်။

တူရကီကမ်းခြေမှာလည်း ဆီးရီးယား ကလေး ညီအစ်ကို နှစ်ဦးရဲ့ ရုပ်အလောင်းကို ကျန်တဲ့ ဒုက္ခသည်တွေရဲ့ အလောင်းတွေနဲ့ အတူ ဒီအပတ်ထဲမှာ တွေ့ရှိခဲ့ပါတယ်။ သူတို့ မိသားစုရဲ့ ဖြစ်ရပ် အသေးစိတ်ကို တော့ ကိုကျော်စွာ ဆက်ပြီး ပြောပြမှာ ဖြစ်ပါတယ်။