သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ် - မျှတတဲ့ မဲဆွယ်မှု

  • 12 စက်တင်ဘာ 2015
Image caption လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ အထွေထွေ အတွင်းရေးမှူး ကိုငွေလင်း ကလည်း ရန်ကုန် စတူဒီယို ထဲကနေ ပင်တိုင် ဆွေးနွေးခဲ့

နားဆင်နိုင်ပါပြီ။

ငွေကြေး တတ်နိုင်တဲ့ ပါတီကြီး တွေနဲ့ ရန်ပုံငွေ အခက် အခဲ ဖြစ် နေတဲ့ ပါတီ ငယ်တွ အကြား ကိုယ်စားလှယ် လောင်းတွေ မဲဆွယ် မှုဟာ မျှတတဲ့ ယှဉ်ပြိုင် မှု ဖြစ်ပါ့ မလား ဆိုတာ တွေကို ဆွေးနွေး ခဲ့ကြ ပါတယ်။

ကိုယ်စားလှယ်လောင်း တဦး မဲဆွယ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကနေ အမြင့်ဆုံး ကျပ်ငွေ သိန်း ၁၀၀ သတ်မှတ် ပေးထား တာ ဖြစ်ပေမယ့် လည်း တရားဝင် မဲဆွယ်မှု မစခင် ကတည်းက ပါတီကြီး တချို့ ရဲ့ ကိုယ်စား လှယ်လောင်း တချို့ဟာ ငွေ ပုံအော သုံးပြီး အငြင်းပွား ဖွယ် ဖြစ်စေ နိုင်မယ့် မဲဆွယ် တဲ့ ပုံစံ မျိုးတွေ လုပ်ခဲ့ ကြတာ ရှိပါတယ်။

ဒါတွေကိုလည်း ဆွေးနွေးခဲ့ကြ ပါတယ်။

ပင်တိုင် ဆွေးနွေး ပေးခဲ့ သူတွေ ကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ရေဖြူ မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဝင်းဦး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ အထွေထွေ အတွင်းရေးမှူး ကိုငွေလင်း တို့ဖြစ်ကြ ပါတယ်။

သောတရှင်တို့ နဲ့ အတူ အားဖြည့် ဆွေးနွေပေး ခဲ့သူ တွေ ကတော့ ချင်း တိုးတက်ရေး ပါတီ -- အတွင်းရေးမှူး ဦးစင်ထွန်း - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပုသိမ် မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဝင်းမြင့် တို့ဖြစ်ကြ ပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။