migrant_croatia
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရွှေ့ပြောင်းသူတွေကို ခရိုအေးရှား ဖြတ်ခွင့်ပေး

  • 16 စက်တင်ဘာ 2015

ဥရောပ အနောက်ပိုင်းကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို သူ့နိုင်ငံကို ဖြတ်ကျော်ခွင့်ပေးမယ်လို့ ခရိုအေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

ဟန်ဂေရီက ဆာဗီးယားထဲကနေ တဆင့် လာကြတဲ့ လူတွေကို ပေးမဖြတ်တာကြောင့် အခုဆို သူတို့ဟာ ခရိုအေးရှားနဲ့ နယ်စပ်ဘက်ကို ဦးတည်နေကြပြီ ဖြစ်ပါတယ်။

နောက်ဆုံး၀င်လာတဲ့ သတင်းတခုအရ ဟန်ဂေရီနဲ့ဆားဗီးယား နယ်စပ်မှာ ကာရံထားတဲ့ ခြံစည်းရိုးတွေကို ကျော်ပြီး ၀င်လာကြလို့ ရဲတွေ က မျက်ရည်ယိုဗုံးတွေ သုံးပြီး အခုလို တားဆီးနေရပါတယ်။။

ဟန်ဂေရီနယ်စပ်မှာ ခိုလှုံခွင့်တောင်းခံထားတဲ့ လူတွေအတွက် အစီအစဉ်တွေ စတင် ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

ကိုကျော်စွာက ပြောပြမှာပါ။