_chile_earthquaque
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ချီလီမှာ ငလျင်ကြီး လှုပ်ခဲ့လို့ လူ ၈ ဦးသေဆုံး

  • 17 စက်တင်ဘာ 2015

ချီလီနိုင်ငံမှာ ပြင်းအား ၈.၃ ရှိတဲ့ ငလျင်ကြီးလှုပ်ခဲ့လို့ လူတသန်းလောက် အိုးအိမ်တွေ ပြစ်လို့ပြေးခဲ့ရပါတယ်။ အဲဒီငလျင်ကြောင့် ဆုနာမီလှိုင်းကြီးတွေလည်း တက်လာခဲ့ပြီး လူ ၈ ဦးသေဆုံးခဲ့ရပါတယ်။ လှုပ်ခဲ့တာကတော့ ပစိဖိတ် သမုဒ္ဒရာထဲမှာ ဖြစ်ပြီး ကမ်းရိုးတန်းနဲ့ ၁၀ ကီလိုမီတာ ဝေးပါတယ်။ နောက်ပြီး အိမ်နီးချင်း အာဂျင်တီးနားနဲ့ ဘရာဇီးအထိပါ တုန်ခါသွားခဲ့တယ်လို့ သိရပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။