vw_car
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗောက်ဆွာဂဲန်ရဲ့ ရှယ်ယာ စျေးတွေ ကျဆင်း

  • 22 စက်တင်ဘာ 2015

ဂျာမန်ကားကုမ္ပဏီကြီး ဗောက်ဆွာဂန်ဟာ ကားပေါင်း ၁၁ သန်းမှာ ဓာတ်ငွေ့ထုတ်လွှတ်မှု စစ်ဆေးချက်တွေကို လှည့်စားဖို့ ဆော့ဖ်ဝဲတမျိုးကို တပ်ဆင် ထားခဲ့ပါတယ်။ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဖြေရှင်း ဆောင်ရွက်ဖို့ ဒေါ်လာ ၇ ဘီလျံလောက် သီးသန့် သတ်မှတ်ပေးထားပြီး ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။ တဘက်မှာလည်း ဒီအရှုပ်တော်ပုံနဲ့ ပတ်သက်လို့ ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်က ပွင့်လင်းမြင်သာမှု ရှိဖို့ ဗောက်ဆွာဂန်ကို ပြောလိုက်ပါပြီ။ ကိုကျော်စွာက ပြောပြမှာပါ။